အဓိကအကြောင်းအရာသို့ သွားမည်
x
ဂေဘား

ဂေဘားတိုင်းရင်းသားများသည် ကယားပြည်နယ် အတွင်းရှိ မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့များတွင် အများဆုံး နေထိုင်ကြပါသည်။ ဂေဘားတိုင်းရင်းသားများ၏ထင်ရှားသော  ပွဲတော်များမှာ(၁)တောင်ယာစူးထိုးပွဲ၊(၂)ကောက် သစ်စားပွဲ၊ (၃)စပါးသိမ်းစပါးနယ်ပွဲ၊ (၄)အိမ်သစ် တက်ပွဲနှင့်(၅)ဂေဘားအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတို့ဖြစ်ပါသည်။

ကယော

ကယောတိုင်းရင်းသားများသည် ကယား ပြည်နယ်တွင်းရှိ မြို့နယ်များ ဖြစ်သော လွိုင်ကော်၊   ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြပြီး ဘောလခဲ၊ ဖားဆောင်းများတွင် အနည်းငယ်စီနေထိုင် ကြပါသည်။ ကယော တိုင်းရင်းသားများ၏  ထင်ရှားသောပွဲတော်များမှာ အိမ်သစ်တက်ပွဲနှင့် ဖားစည်ပွဲတော်တို့ဖြစ်ပါသည်။

ဂေခို

ကယန်းဂေခိုမျိုးနွယ်စု များသည် ကယား ပြည်နယ် အတွင်းရှိ    လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ် များတွင် အများဆုံးနေထိုင်ကြသည်။ ကယန်းဂေခို မျိုးနွယ်စု ၏ ထင်ရှားသော ပွဲတော်များမှာ တောင်ယာမီးရှို့ပွဲ၊ စပါးပျိုးကြဲပွဲ၊ ကောက်ရိတ်သိမ်းပွဲနှင့် စပါးဦးစားပွဲ တို့အပြင်ကယန်းမျိုးနွယ်စု ဖြစ်သည့် အားလျော်စွာ ကယန်းအမျိုးသားနေ့  ပွဲတော်ကိုလည်း စုပေါင်း ပါဝင်ဆင်နွှဲကြပါသည်။ ယခုအခါတွင် ကယန်း   (ဂေခို)အစား ကယန်း(ကဒေါ့) ဟုပြောင်းလဲ သတ်မှတ်ခေါ်ဆိုကြသည်။

ဇယိမ်း/ကယန်း(လထာ)

ဇယိမ်း/ကယန်း (လထာ) မျိုးနွယ်စုများသည် ကယား  ပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်သော  လွိုင်ကော်မြို့နယ်တွင် အများစုနေ ထိုင်ကြပြီး  ဒီးမော့ဆိုမြို့နယ်တွင်လည်း အနည်းငယ်နေထိုင် ကြသည်။ဇယိမ်း/ကယန်း(လထာ)မျိုးနွယ်စုများ၏ ထင်ရှား သောပွဲတော်များမှာ အိမ်သစ် တက်ပွဲ၊ ကောက် သစ်စားပွဲနှင့် ချစ်သူကြင်ဖက်ရွေးချယ်ပွဲ တို့ဖြစ်ပါ သည်။ကယန်းတိုင်းရင်းသား၏ မျိုးနွယ်စုဖြစ်သော ဇယိမ်း/ကယန်း(လထာ) မျိုးနွယ်စုသည်လည်း ကယန်း  အမျိုးသားနေ့ပွဲတော်ကို နှစ်စဉ်ကျင်းပကြပါသည်။

ကယား

ကယားတိုင်းရင်းသားများသည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့နှင့် ရွာသစ်မြို့များတွင် အများဆုံးနေထိုင် ကြပါသည်။
ကယားတိုင်းရင်းသားများ၏ ထင်ရှားသောပွဲတော်များမှာ တျားအီလူး(ခေါ်) တံခွန်တိုင်ပွဲတော်၊ အဲ့ဒိုပေါ်မီပွဲတော်၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ တောကောင်လိုက်ပွဲ၊ ငှက်လိုက်ပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ ကလေးအမည်ပေးပွဲ၊ အသုဘပွဲ၊ ဒီးဆ(ခေါ်) ထမင်းထောင်းပွဲတို့ဖြစ်ပါသည်။

 

သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီတော်)

သီရိမင်္ဂလာတောင်တော်ပေါ်ရှိ တောင်ကွဲစေတီတော်မြတ်သည်

Royal Naung Yah Hotel
+95 (0) 83-2224177, +95 (0) 83-2224178, +95 (0) 9-899919011
Nawaday Hotel
+95 (0) 83 2223064, +95 (0) 832221464; 095600438
Loikaw Swe Sat Hotel
+95 9409 900 525
-
Loikaw Princess Hotel
+95 (0) 83 222 3098, +95 (0) 83 222 4108, +95 (0) 9 450 541
Subscribe to