အဓိကအကြောင်းအရာသို့ သွားမည်
x

ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးမှုအခြေအနေနှင့် မြို့ဝင်နွားလဝိုးစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်နေသည့် အခြေအနေတို့အား တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေး

ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးမှုအခြေအနေနှင့် မြို့ဝင်နွားလဝိုးစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်နေသည့် အခြေအနေတို့အား တာဝန်ရှိသူတို့က  ယနေ့ နံနက် ၁၀နာရီခွဲအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က လွိုင်ကော်မြို့နယ် ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုဝင်များ ၊ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုအခြေအနေနှင့် မြို့ဝင် နွားလဝိုးစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်နေသည့် အခြေအနေတို့အားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။