ယင်းတလဲ
ယင်းတလဲလူမျိုးအများဆုံး နေထိုင်သော မြို့နယ်များမှာ ကယားပြည်နယ် ဘောလခဲ ခရိုင်၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့ တွင် အများဆုံးနေထိုင်ကြကြောင်းနှင့် ကျန် မြို့နယ်များမှာ လူဦးရေအနည်းငယ်ဖြန့် ကျက်နေထိုင်ကြပါသည်။
မနုမနော (ကော်ယော်)
မနုမနောတိုင်းရင်းသားများသည် ကယား ပြည်နယ် အတွင်းရှိ မြို့နယ်များဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။ မနုမနောတိုင်း ရင်းသားများ၏ ထင်ရှားသောပွဲတော်များမှာ ဗေးလပ်(ခေါ်) ဒီးကူပွဲ၊ ဂါဘိုပူဇော်ပွဲနှင့် ဆွန်ဂါ ပွဲတို့ဖြစ်ပါသည်။