အဓိကအကြောင်းအရာသို့ သွားမည်
x
တံခွန်တိုင်ပွဲ

စိုက်ပျိုးရေးနှင့် ပတ်သက်၍  ဗုဒ္ဓဘာသာဝင်နှင့် နတ်ကိုးကွယ်ကြသော   ကယားတိုင်းရင်းသားတို့ သည် ကောက်ပင် ဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထမြောက် အောင်မြင်စေ ရေးအတွက် မိုးရေကိုပေးသော မိုးနတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်၊ယာစောင့် နတ်တို့ကို ပူဇော်ပသကြရလေသည်။ ကယား  တိုင်းရင်းသားတို့သည် ခေတ်မီ သိပ္ပံနည်းများကို အသုံးပြု ကာ  စိုက်ပျိုး နိုင်ကြသူများ မဟုတ်ဘဲ  မိမိတို့  မိရိုးဖလာ နည်းများဖြင့်သာ  စိုက်ပျိုးကြသူများ ဖြစ်ခြင်း ကြောင့် သဘာဝက ပေးသော မိုးရေကို အားကိုး၍ ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ ထို့ကြောင့် ယင်းတို့သည် မိ

အဲဒူ(ခေါ်) ကောက်ညှင်းထုပ်ပွဲ

ကယားရိုးရာအဲဒူ(ခေါ်) ကောက်ညှင်းထုပ် ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော ပွဲတော်တစ်ခု ဖြစ်ပါသည်။ ယင်းပွဲတော်ကို ကောက်ပဲသီးနှံများ စိုက်ပျိုး၍ အောင်မြင်ပြီးစီးကြောင်း အထိမ်းအမှတ် သဘောမျိုးဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဲဒူပွဲတော်ကို စပါးစိုက်ပျိုးပြီးချိန် တော်သလင်းနှင့် သီတင်းကျွတ်လများတွင် ကျင်းပလေ့ ရှိကြပါသည်။
ပွဲတော်ကျင်းပမည့် အချိန်မတိုင်မှီ တစ်ရွာလုံးရှိ အိမ်တိုင်းစေ့ ခေါင်ရည်ချက်ကြရသည်။ အဲဒူပွဲတော် အတွက် ကောက်ညှင်းထုပ်ဖက် ထွက်ခူးရသည့်ရက်ကို ရိုးရာဓလေ့ ထုံးစံအတိုင်း ကြက်ရိုးထိုး၍ ရွေးချယ်လေ့ရှိသည်။