အဓိကအကြောင်းအရာသို့ သွားမည်
x
လွိုင်နန်းဖတောင်
လွိုင်နန်းဖတောင်

ကယားပြည်နယ်တွင်   ထူးခြားသော  တောင်စဉ်တောင်တန်းများ  များစွာရှိပါသည်။ ထိုတောင်များတွင်  ဒီးမော့ဆိုမြို့နယ်အတွင်းရှိ  လွိုင်နန်းဖတောင်သည် ထူးခြားသည့် ဝိသေသနများဖြင့် ပြည့်နက်နေပါသည်။ ကယားတိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှမှု စိတ်ထားနှင့်တစ်ဦးပေါ် တစ်ဦးလေးစားမှုများသည် ဘာသာရေးလွတ်လပ်ခွင့်များ လွိုင်နန်းဖတောင်ပေါ်တွင် သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ပေပေါင်း (၅၀၀၀) ကျော်မြင့်မားသည့် တောင်ပေါ်သို့ တက်ရောက်နေစဉ်အတွင်း   ဒေသမျိုးရင်းပန်းမျိုးများနှင့် ငှက်များကို    လေ့လာနိုင်ပါသည်။   လွိုင်နန်းဖတောင်ပေါ်သို့ ရောက်ရှိစဉ်တွင် တောင်ပေါ်မှ ကယားပြည်နယ်၏   ရှုခင်းအလှမျ

ဆင်ဖြူတောင်
ဆင်ဖြူတောင်

ဆင်ဖြူတောင်သည် ဖရူဆိုမြို့နယ်ရှိမော်သီဒိုကျေးရွာအနီးတွင် တည်ရှိပြီးလွိုင်ကော်မြို့မှ မိုင်(၄၀)အကွာတွင်တည်ရှိပါသည်။      Trekking   လျှောက်ခြင်း၊ တောင်တက်ခြင်း၊Adventure Tripများ ဆောင်ရွက်နိုင်ပါသည်။

ငွေတောင်ဆည်
ငွေတောင်ဆည်

ကယားပြည်နယ်ဟုဆိုလျှင် “ ငွေတောင်ပြည်၊ ငွေတောင်ဆည် ” ဟု   သိရှိကြပါသည်။ ငွေတောင်ဆည်ကြီးသည်    လွိုင်ကော်မြို့မှ (၉)မိုင်အကွာအဝေးတွင်တည်ရှိပါသည်။ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များနှင့် ဒေသခံပြည်သူများ၏  အနားယူအပန်းဖြေရာ    ရှုမငြီးဖွယ်နေရာတစ်ခုဖြစ်ပါသည်။

ကြတ်ဂူ
ကြတ်ဂူ

ကြတ်ဂူသည်  လွိုင်ကော်မြို့  အရှေ့ဘက်(၇)မိုင်ခန့်တွင် တည်ရှိပြီး သဘာဝအတိုင်း မပျက်စီးသေးဘဲ  တည်ရှိနေသော   ထုံးကျောက်   လှိုဏ်ဂူတစ်ခုဖြစ်ပါသည်  ။ဂူအတွင်းရှိ နှစ်ပေါင်းများစွာ  တည်ရှိနေသော     သစ်သားခေါင်းတလားများနှင့်  သစ်သားအပိုင်းအစ များသည် ကြတ်ဂူ၏ ဒဏ္ဍာရီသမိုင်းတစ်ခုကို  ထင်ဟပ်ဖော်ပြလျက်ရှိနေပါသည်။ လှိုဏ်ဂူ ထဲသို့ ဝင်ရန်  အဝင်ဝကို    သစ်သားတံတားတစ်စင်း တည်ဆောက်ထားရှိပြီး ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများ   ၊ခေါင်းတလားများနှင့်   သမိုင်းကြောင်းများသည်   လာရောက် လည်ပတ်သည့်   ခရီးသွားဧည့်သည်များကို    စိတ်လှုပ်ရှား  ဆွဲဆောင်လျက်ရှိနေပါသည်။

ထီးပရူနူလှိုဏ်ဂူ
ထီးပရူနူလှိုဏ်ဂူ

ထီးပရူနူဂူသည်   ဖရူဆိုမြို့နယ်၊    မော်သီဒိုကျေးရွာအနီး တည်ရှိပါသည်။လွိုင်ကော် မြို့မှ (၂၄)မိုင် အကွာတွင်တည်ရှိပါသည်။ သဘာဝ ထုံးကျောက် လှိုဏ်ဂူကြီးတစ်ခု  ဖြစ်ပါ သည်။ လှိုဏ်ဂူဝတွင်   သဘာဝရေတံခွန်  ဖြစ်ပေါ် နေခြင်း၊ မြေအောက်မြစ်  မြေအောက်ဂူ   နှစ်မျိုးတွဲနေသည့်  လှိုဏ်ဂူဖြစ်ပါသည်။ စွန့်စား ခရီးသွားခြင်းကို နှစ်သက်သည့် ခရီးသွား  ဧည့်သည်များအတွက် ဆွဲဆောင်နိုင်သည့် နေရာ တစ်ခုဖြစ်ပါသည်။

ကွိုင်ငံရေထွက်
ကွိုင်ငံရေထွက်

ကွိုင်ငံရေထွက်သည် ဒီးမော့ဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့မှ(၂၇)မိုင်အကွာတွင်တည်ရှိပါသည်။  ကွိုင်ငံရေထွက်သည်    ခရီးသွားဧည့်သည်များ    စိတ်ဝင်စားနိုင်သည့်    နေရာ တစ်ခု အဖြစ်  တည်ရှိနေပါသည်။  ကွိုင်ငံရေထွက် ဂူအတွင်းရှိ မယ်တော်မာရိယာ၏ ရုပ်ထုသည် အနီးပတ်ဝန်း ကျင်ကျေးရွာများ၏ ကိုးကွယ်ယုံကြည်မှုများကို ထင်ဟပ်ပြသလျက် ရှိနေပါသည်။

ထီးစဲ့ခါးရေတံခွန်
ထီးစဲ့ခါးရေတံခွန်

ထီးစဲ့ခါးရေတံခွန်သည် လွိုင်ကော်မြို့မှ (၁၆)မိုင် အကွာအဝေးတွင်ရှိပြီးကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင်  တည်ရှိပါသည်။    ပြည်တွင်းဘုရားဖူး     ခရီးသွားဧည့်သည်များ  အဓိကလာရောက်လည်ပတ်  အပန်းဖြေနေသည့်   နေရာတစ်ခုဖြစ်ပါသည်။  သင်္ကြန်ကာလနှင့် သီတင်းကျွတ်  ကဲ့သို့သော  တရားဝင်ရုံးပိတ်ရက်များတွင်   အထူးစည်ကား  လျက်ရှိပါသည်။

ငံရိုး
ငံရိုး

ငံရိုးကျေးရွာသည်  ဒီးမော့ဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာအုပ်စုတွင်   တည်ရှိ ပြီး လွိုင်ကော်မြို့မှ(၂၆)မိုင် အကွာတွင် တည်ရှိပါသည်။    ယင်းဘော်   တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဖြစ်ပြီးတံခွန်တိုင်ကိုးကွယ် ယုံကြည်မှုများနှင့်တိုင်းရင်းသား များ၏   ရိုးရာ   ဓလေ့ထုံးစံများကြောင့်   သွားရောက်လည်ပတ်သင့်သည့်  ကျေးရွာ တစ်ရွာဖြစ် ပါသည်။

အိုင်စန့်
အိုင်စန့်

အိုင်စန့်ကျေးရွာသည်   လွိုင်ကော်မြို့မှ   (၁၈) မိုင် အကွာတွင်   တည်ရှိပြီး  ထီးစဲ့ခါး ရေတံခွန် နှင့် (၂)မိုင် အကွာအဝေးတွင်  တည်ရှိပါသည်။   အိုက်စန့်ကျေးရွာသည်   လီဆူး တိုင်းရင်းသားများ  အဓိက နေထိုင်ရာနေရာ  ကျေးရွာဖြစ်ပြီး   ရိုးရာဝတ်စား  ဆင်ယဉ်မှု နှင့် ရိုးရာယဉ်ကျေးမှုများကို   ထိန်းသိမ်း ထားရှိသည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။

ဒေါတမကြီးကျေးရွာ
ဒေါတမကြီးကျေးရွာ

ဒေါတမကြီးကျေးရွာသည်   ဒီးမော့ဆိုမြို့နယ်အတွင်း  တည်ရှိပြီး   လွိုင်ကော်မြို့မှ (၃၉)မိုင် ၊ မော်တော်ယာဉ်ဖြင့် (၁)နာရီနှင့် (၄၅)မိနစ်ကျော်  သွားရောက်ရပါသည်။ ကယားလူမျိုး များ နေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပါသည်။ကျေးရွာအတွင်းရှိ  ကယားရိုးရာအိမ်များ၊ နတ်ဆရာ အိမ်နှင့်  ကျေးရွာအပြင်ဘက်ရှိ   စပါးသိုလှောင်ထားသည့်   အိမ်များသည်   ခရီးသွားပြည်သူများ အတွက် ဆွဲဆောင်နိုင်သည့်  ကျေးရွာ ဓလေ့များဖြစ်ပါသည်။ ကယားရိုးရာ  ဝတ်စာဆင်ယင်မှုနှင့် ရိုးရာယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားမှုကို  တွေ့မြင်လေ့လာနိုင်ပါသည်။

Subscribe to