အဓိကအကြောင်းအရာသို့ သွားမည်
x
ထေခိုကျေးရွာ
ထေခိုကျေးရွာ

ထေခိုကျေးရွာသည် ဖရူဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့မှ (၄၂) မိုင် အကွာ တွင် တည်ရှိပါသည်။  ကယောလူမျိုးများ အဓိကနေထိုင်ရာ ကျေးရွာတစ်ရွာ  ဖြစ်ပါသည်။ ကျေးရွာတည်ရှိသည့်နေရာသည် သဘာဝပတ်ဝန်းကျင်လှပသာယာမှုများကြောင့်ခရီးသွား ပြည်သူများကို ဆွဲဆောင်နေသည့်  နေရာတစ်ခုဖြစ်ပါသည်။ ကျေးရွာအတွင်း   နေထိုင်ကြ သည့် ကယောတိုင်းရင်းသူများသည် ရိုးရာယဉ်ကျေးမှုများကိုထိန်းသိမ်းစောင့်ရှောက်ထား ကြပြီး  ကယောလူမျိုးတို့၏  ရိုးရာဓလေ့များသည်  ခရီးသွားဧည့်သည်များကို  ဆွဲဆောင် လျက် ရှိနေပါသည်။

တနီးလာလဲကျေးရွာနှင့်ကန်ခုနှစ်ဆင့်ရေကန်
တနီးလာလဲကျေးရွာနှင့်ကန်ခုနှစ်ဆင့်ရေကန်

တနီးလာလဲကျေးရွာနှင့်    ကန်ခုနှစ်ဆင့်ရေကန်သည်     ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး    လွိုင်ကော်မြို့၏ (၁၃)မိုင်   အကွာတွင်   တည်ရှိပါသည်။ တနီးလာလဲကျေးရွာသည်  လူထုအခြေ ပြုခရီးသွားလုပ်ငန်းများ  ဖော်ဆောင်ထားရှိသည့်   ကျေးရွာတစ်ရွာဖြစ်ပြီး   ကယား တိုင်းရင်း သားများနေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပါသည်။ ကျေးရွာအတွင်း   နွားလှည်းစီးခြင်း၊ လေးဂွ ပစ်ခြင်း၊ကယားရိုးရာ အသားကင်းများ ပြုလုပ်ခြင်း၊ ကျေးရွာရှိတံခွန်တိုင် နှင့်ကြာကန်သို့ သွားရောက်လည်ပတ်ခြင်း၊ ကယားရိုးရာ အိမ်များသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ တနီးလာလဲကျေးရွာအနီးရှိ     ကန်ခုနှစ်ဆင့်ရေကန်သည

ပန်ပက်ကျေးရွာ
ပန်ပက်ကျေးရွာ

ပန်ပက်ကျေးရွာသည်  ဒီးမော့ဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့ မှ (၂၆) မိုင် ၊မော်တော် ယာဉ်ဖြင့် (၁)နာရီခန့် သွားရပါသည်။   ကယန်း(ပဒေါင်) လူမျိုးများ၏    ဇာတိ  ကျေးရွာ ဖြစ်ပါ သည်။  လူထုအခြေပြု  ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားရှိသည့် ကျေးရွာ ဖြစ်ပြီး ပြည်တွင်း၊  ပြည်ပခရီးသွား ဧည့်သည်များ လာရောက်  လည်ပတ်နေကြသည့်    ကျေးရွာ     ဖြစ်ပါသည်။ ကျေးရွာအတွင်း ကယန်း လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ၊ ဝတ်စား ဆင်ယင် မှုများ၊  ကိုးကွယ် ယုံကြည်မှု ၊    လက်မှုလုပ်ငန်းများ၊      စိုက်ပျိုးရေးလုပ်ငန်းများ နှင့်     ကယန်းရိုးရာ အစားအသောက် များ၊   ကယန်းလူမျိုးတို့၏  ခေါင်းရည် ချက

ကယန်း

ကယန်း(ပဒေါင်)သည် ကယန်းတိုင်းရင်းသား ၏မျိုးနွယ်စုဝင် တစ်ခုဖြစ်ပြီး ကယားပြည်နယ် အတွင်းရှိမြို့နယ်များဖြစ်သောလွိုင်ကော်၊ဒီးမော့ဆို  နှင့် မယ်စဲ့မြို့များတွင် အများဆုံး နေထိုင်ကြပြီး ရွာသစ်မြို့တွင်လည်း အနည်းငယ်စီ နေထိုင်ကြ သည်။ ကယန်း(ပဒေါင်) မျိုးနွယ်စု၏ ထင်ရှားသော ပွဲတော်များမှာ တံခွန်တိုင်ပွဲတော် ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူး ပွဲတော်တို့      ဖြစ်သည်။ ထူးခြားသည့် ပွဲတော်နေ့ ဖြစ်သည့် ကယန်းအမျိုးသားနေ့ကို အခြား ကယန်းမျိုးနွယ်စု များနှင့် အတူတကွကျင်းပကြသည်။ ယခုအခါတွင် ကယန်း(ပဒေါင်)မျိုးနွယ်စုအစား ကယန်း(ကခေါင်း) မျိုးနွယ်စုဟု ပြောင်းလဲသတ်မှတ် ခေါ်ဆိုက

တည်နေရာ၊အကျယ်အဝန်း

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိပါသည်။ ကယားပြည်နယ်သည် ‌မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်နှင့် ၁၉ ဒီဂရီ ၅၅ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ် နှင့် ၉၇ ဒီဂရီ ၉၃ မိနစ် အကြားတွင်တည်ရှိပါသည်။ ခရိုင်၏ ဧရိယာအကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဒေသဆိုင်ရာအချက်အလက်
Subscribe to