အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ၂၀၂၂-၂၀၂၃ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၂-၂၀၂၃ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အပေါ် နိုင်ငံတော်က တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မှီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း ၊ ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများက နွေစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်သည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ၊ တောင်သူများအနေဖြင့် နွေစပါး ပန်းတိုင်အထွက်နှုန်းသာမက မိုးစပါး အထွက်နှုန်း ကိုလည်း ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုး ၊ မွေးမြူရေး လုပ်ငန်းများ တိုးတက် ဆောင်ရွက်နိုင်ရန်  အဓိက လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း တောင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ပြီး ပန်းတိုင်အထွက် နှုန်းရရှိစေရေး ၊ စိုက်ပျိုးရေရရှိရေး ၊ လယ်ယာသုံးစက်ပစ္စည်းများ ၊ မျိုးကောင်း မျိုးသန့်များ၊ လုပ်ငန်း အထောက်အကူပြု ပစ္စည်းများနှင့် ခေတ်မီနည်းစနစ်များ အသုံးချနိုင်ရေး နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ရန်လိုကြောင်း ၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ငန်း အဆင့်မှ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ နွေစပါး (၃,၄၃၀)ဧကစိုက်ပျိုးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူပေါင်း(၆၀၀)ကျော် ပေါ်ထွန်းလာသည်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ဆုရွေးချယ်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများကို လယ်ယာသုံးစက်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ၊ အထူးဆုရရှိသူများကို  လယ်ယာသုံးပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။