Skip to main content
x
စီမံကိန်းအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (ပုဂ္ဂလိကပိုင် စာသင်ကျောင်း/ဆေးရုံ)
စက်ရုံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
ဟိုတယ်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြို့ပြအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းလျှောက်ထားမှုနှင့်စပ်လျဉ်း၍ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြင်းကောင်ရေ(၂၀)အောက်စက်တပ်ရေယာဉ်ငယ်များအားမှတ်ပုံတင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
အုတ်ဖုတ်လိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

၁။    လျှောက်ထားသူကာယကံရှင်မှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင် ပါရှိမည့်အချက်များ
    (က)    လျှောက်လွှာ။ (လျှောက်လွှာတွင်တံဆိပ်ခေါင်းကပ်လျှက် ကွင်းဆင်းဦးပိုင်များ ဖော်ပြသော မြေပုံကြမ်းလျှောက်ထားရန်)
    ( ခ)    လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏မြေစာရင်းပုံစံ (၁၀၅၊၁၀၆)။
    ( ဂ)    မြေပိုင်ဆိုင်မှုအထောက်အထား။
    (ဃ)    လျှောက်ထားမြေသည် လယ်မြေ၊ ယာမြေ (သို့မဟုတ်) မြေလွတ်မြေရိုင်း ဖြစ်ပါက အခြားနည်းအသုံးပြုခွင့်(သို့မဟုတ်) မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ရရှိရပါမည်။

ကျောက်ကြီး၊ ဂဝံကျောက် ထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။    လျှောက်ထားသူကာယကံရှင်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင် ပါရှိရမည့်အချက်များ
    (က)    ကာယကံရှင်၏ လျှောက်လွှာ။
    ( ခ)    လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေစာရင်းပုံစံ (၁၀၅)၊ မြေစာရင်း ပုံစံ(၁၀၆)။
    ( ဂ)    မြေပိုင်ဆိုင်မှုအထောက်အထား။
    ( ဃ)    လျှောက်ထားမြေသည် လယ်မြေ၊ ယာမြေ (သို့မဟုတ်) မြေလွတ်မြေရိုင်း ဖြစ်ပါက အခြားနည်းအသုံးပြုခွင့်(သို့မဟုတ်) မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ရရှိရပါမည်။
    ( င)    လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေရာဇဝင်စစ်ဆေးချက်။

Subscribe to