အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊   ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ လေထုညစ်ညမ်းမှု ၊ ဇီဝမျိုးစုံ ၊ မျိုးကွဲများ လျော့နည်းဆုံးရှုံးမှု ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ပလတ်စတစ် ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရေး ၊ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ ကာဗွန်ထုတ်လုပ်မှု လျော့နည်းသည့် အစိမ်းရောင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေး ၊ ရာသီဥတုပြန်လည်မျှတလာစေရေးနှင့် ဂေဟစနစ်များထိန်းသိမ်းရေး ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ညစ်ညမ်းမှုထိန်းသိမ်း ကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူလူထုနှင့်ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် နှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား  ၊ ကျောင်းသူများ ၊ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော ကျောင်းဆုနှင့် ပြည်နယ်အဆင့်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းသောမြို့ ဆုများ အားအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုတို့ကိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ပြီး ခင်းကျင်းပြသ ထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး  စာအုပ် ၊ စာစောင်များ ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။