အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ တွေ့ဆုံမိတ်ဆက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာဌာနအသီးသီးတွင် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်သွားကြရန် နှင့် မိမိအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အဓိကထားလုပ်ဆောင်သွားမှာဖြစ်ကြောင်း ၊ လက်ရှိဆောင်ရွက်နေကြစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကောင်းဆုံးဆက်လက် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေးအတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး က ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်ချက်များ ၊ အခက်အခဲများ ရှိပါ ပွင့်လင်းစွာဆွေနွေးပြောကြား ဖို့လိုပါကြောင်းဖြင့် ပြောကြားခဲ့ သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။