ထီးစဲ့ခါးရေတံခွန်
ထီးစဲ့ခါးရေတံခွန်
ထီးစဲ့ခါးရေတံခွန်သည် လွိုင်ကော်မြို့မှ (၁၆)မိုင် အကွာအဝေးတွင်ရှိပြီးကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် တည်ရှိပါသည်။ ပြည်တွင်းဘုရားဖူး ခရီးသွားဧည့်သည်များ အဓိကလာရောက်လည်ပတ် အပန်းဖြေနေသည့် နေရာတစ်ခုဖြစ်ပါသည်။ သင်္ကြန်ကာလနှင့် သီတင်းကျွတ် ကဲ့သို့သော တရားဝင်ရုံးပိတ်ရက်များတွင် အထူးစည်ကား လျက်ရှိပါသည်။