အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိုးရာသီ သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့ ၌ ကျင်းပ

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မိုးရာသီသီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခွင့်ပြုထား သည့် လုပ်ငန်းများအားလုံး အကောင်အထည်ဖော်ရန် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့်  တာဝန်ရှိသူများက စနစ်တကျ စိစစ် ကြီးကြပ် ဆောင်ရွက်ကြစေလိုကြောင်း ၊     စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းပြည့်မီစွာ ရရှိရေးနှင့် မိုးသီးနှံများကို သတ်မှတ်ကာလအတွင်း လျာထားချက်များအတိုင်း အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပြီး ဆောင်းသီးနှံများစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်     ထားရှိရန် တို့ကို  ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။