အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ ၊ နောင်ယားကန်သာ၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်  စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အများပြည်သူများ လာရောက်အပန်းဖြေသည့် လွိုင်ကော်မြို့ ၊ နောင်ယားကန်သာတစ်လျောက်၌ ဌာနဆိုင်ရာများ ၊ ရဲတပ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ နောင်ယားကန်အတွင်းရှိ ရေမှော်များ ၊ အမှိုက်သရိုက်များ ဆယ်ယူ နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

          ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။