အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦိးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသည့် ယာယီတိုက်ပွဲရှောင် ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နယ်မြေဒေသ အခြေအနေရ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင်ရောက်ရှိပြီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကျေပွန်မှု ၊ သစ္စာရှိမှုများကို  အသိအမှတ်ပြုပါကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက် ပေးနေကြောင်း ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ပြည်သူများနှင့် အတူလက်တွဲ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မယ်စဲ့ခရိုင် ၊ မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီများ ပေးအပ်ခဲ့ကြရာ အဆိုပါမြို့နယ်များရှိဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ကလက်ခံရယူခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်းသိရသည်။