အဓိကအကြောင်းအရာသို့ သွားမည်
x
လွိုင်နန်းဖတောင်
လွိုင်နန်းဖတောင်

ကယားပြည်နယ်တွင်   ထူးခြားသော  တောင်စဉ်တောင်တန်းများ  များစွာရှိပါသည်။ ထိုတောင်များတွင်  ဒီးမော့ဆိုမြို့နယ်အတွင်းရှိ  လွိုင်နန်းဖတောင်သည် ထူးခြားသည့် ဝိသေသနများဖြင့် ပြည့်နက်နေပါသည်။ ကယားတိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှမှု စိတ်ထားနှင့်တစ်ဦးပေါ် တစ်ဦးလေးစားမှုများသည် ဘာသာရေးလွတ်လပ်ခွင့်များ လွိုင်နန်းဖတောင်ပေါ်တွင် သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ပေပေါင်း (၅၀၀၀) ကျော်မြင့်မားသည့် တောင်ပေါ်သို့ တက်ရောက်နေစဉ်အတွင်း   ဒေသမျိုးရင်းပန်းမျိုးများနှင့် ငှက်များကို    လေ့လာနိုင်ပါသည်။   လွိုင်နန်းဖတောင်ပေါ်သို့ ရောက်ရှိစဉ်တွင် တောင်ပေါ်မှ ကယားပြည်နယ်၏   ရှုခင်းအလှများကို   တွေ့မြင်နိုင်သည့်နည်းတူ တောင်ထိပ်ပေါ်ရှိ ခရစ်ယာန်လက်ဝါးကားတိုင်နှင့် ကြည်ညိုသပ္ပါယ်ဖွယ်ရာစေတီတော်ကို ဖူးမျှော်တွေ့ရှိခိုက်တွင် မောပန်းသမျှ မနက်ခင်း နေရောင်ခြည်အလာ ကွယ်ပျောက်သွားသော မြူနှင်းများကဲ့သို့ မောပန်းမှုစိတ်များသည် ကြည်နူးလန်းဆန်းတက်ကြွလာပါသည်။