ထီးပရူနူလှိုဏ်ဂူ
ထီးပရူနူလှိုဏ်ဂူ
ထီးပရူနူဂူသည် ဖရူဆိုမြို့နယ်၊ မော်သီဒိုကျေးရွာအနီး တည်ရှိပါသည်။လွိုင်ကော် မြို့မှ (၂၄)မိုင် အကွာတွင်တည်ရှိပါသည်။ သဘာဝ ထုံးကျောက် လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပါ သည်။ လှိုဏ်ဂူဝတွင် သဘာဝရေတံခွန် ဖြစ်ပေါ် နေခြင်း၊ မြေအောက်မြစ် မြေအောက်ဂူ နှစ်မျိုးတွဲနေသည့် လှိုဏ်ဂူဖြစ်ပါသည်။ စွန့်စား ခရီးသွားခြင်းကို နှစ်သက်သည့် ခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်နိုင်သည့် နေရာ တစ်ခုဖြစ်ပါသည်။