အဓိကအကြောင်းအရာသို့ သွားမည်
x
ထေခိုကျေးရွာ
ထေခိုကျေးရွာ

ထေခိုကျေးရွာသည် ဖရူဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့မှ (၄၂) မိုင် အကွာ တွင် တည်ရှိပါသည်။  ကယောလူမျိုးများ အဓိကနေထိုင်ရာ ကျေးရွာတစ်ရွာ  ဖြစ်ပါသည်။ ကျေးရွာတည်ရှိသည့်နေရာသည် သဘာဝပတ်ဝန်းကျင်လှပသာယာမှုများကြောင့်ခရီးသွား ပြည်သူများကို ဆွဲဆောင်နေသည့်  နေရာတစ်ခုဖြစ်ပါသည်။ ကျေးရွာအတွင်း   နေထိုင်ကြ သည့် ကယောတိုင်းရင်းသူများသည် ရိုးရာယဉ်ကျေးမှုများကိုထိန်းသိမ်းစောင့်ရှောက်ထား ကြပြီး  ကယောလူမျိုးတို့၏  ရိုးရာဓလေ့များသည်  ခရီးသွားဧည့်သည်များကို  ဆွဲဆောင် လျက် ရှိနေပါသည်။