အဓိကအကြောင်းအရာသို့ သွားမည်
x
တနီးလာလဲကျေးရွာနှင့်ကန်ခုနှစ်ဆင့်ရေကန်
တနီးလာလဲကျေးရွာနှင့်ကန်ခုနှစ်ဆင့်ရေကန်

တနီးလာလဲကျေးရွာနှင့်    ကန်ခုနှစ်ဆင့်ရေကန်သည်     ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး    လွိုင်ကော်မြို့၏ (၁၃)မိုင်   အကွာတွင်   တည်ရှိပါသည်။ တနီးလာလဲကျေးရွာသည်  လူထုအခြေ ပြုခရီးသွားလုပ်ငန်းများ  ဖော်ဆောင်ထားရှိသည့်   ကျေးရွာတစ်ရွာဖြစ်ပြီး   ကယား တိုင်းရင်း သားများနေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပါသည်။ ကျေးရွာအတွင်း   နွားလှည်းစီးခြင်း၊ လေးဂွ ပစ်ခြင်း၊ကယားရိုးရာ အသားကင်းများ ပြုလုပ်ခြင်း၊ ကျေးရွာရှိတံခွန်တိုင် နှင့်ကြာကန်သို့ သွားရောက်လည်ပတ်ခြင်း၊ ကယားရိုးရာ အိမ်များသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ တနီးလာလဲကျေးရွာအနီးရှိ     ကန်ခုနှစ်ဆင့်ရေကန်သည်     သာယာလှပပြီး   အပန်းဖြေ အနားယူရန်ကောင်းမွန်သည့်    နေရာတစ်ခုဖြစ်ပါသည်။