အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် အဆင့်မြင့်အိမ်တွင်မှုစက်ချုပ် သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲ ကျင်းပ

လွိုင်ကော်မြို့တွင် အဆင့်မြင့်အိမ်တွင်မှုစက်ချုပ် သင်တန်းအမှတ်စဉ်(၆) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့်သင်တန်းသူများတက်ရောက် ကြသည်။
ဦးစွာပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းအမှာ စကားပြောကြားသည်။ ထို့နောက် အိမ်တွင်းမှုကျောင်း ကျောင်းအပ်ကြီးက သင်တန်းကျောင်း ၏ သင်ကြားမှု၊ သင်ယူမှု နှင့် ပြင်ပဗဟုသုတရရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက က အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးအားလည်းကောင်း၊ အဆင့်မြင့်အိမ်တွင်မှုကျောင်းအပ်ကြီးက မြို့နယ်အလိုက် သင်တန်းဆင်းအောင်လက်မှတ် များကို ပေးအပ်ရာ ကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ အဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ခင်ကျင်းပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို၊ မေလ ၄ရက်မှ အောက်တိုဘာ၂ ရက်နေ့အထိ သင်တန်းကာလ ၂၂ပတ်ကြာသင်ကြားပို့ချခဲ့ပြီး မုန့်လုပ်နည်း ၅မျိုး၊ စက်ချုပ်သင်ခန်းစာ ၂၀မျိုး၊ လက်မှု သင်ခန်းစာ ၁၂မျိုးကို သင်တန်းသူ ၂၀ဦး တို့အား သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။