အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ တွင် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက်  အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြသည်။
ယနေ့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) တောင်တော်ပတ်ဝန်းကျင်နှင့် စေတီတော် ပရဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ ဝင်များ  ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် သစ်ပင်ခြုံနွယ်များကို ခုတ်ထွင် ရှင်းလင်းနေမှုများ ၊  ရေစီးရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့် အမှိုက်များသယ်ယူနေမှု များကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်တော် ရှိ ဘုရားစေတီသို့ တက်ရောက်ဖူးမျှော်ကြည်ညိုပြီး လွိုင်ကော်မြို့မြင်ကွင်းကိုကြည့်ရှုကာ  မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။