အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က  အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်တွင် ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းအဖြစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၊ ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီက ပြည်နယ် ၊ ခရိုင် ၊မြို့နယ် ၊ ရပ်ကွက်/ကျေးရွာ အဆင့်ထိ သန်းခေါင်စာရင်း ကော်မတီ များဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း ၊ လွိုင်ကော်မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရပ်ကွက်နှင့် ကျေးရွာများ၌ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူရာတွင် မှန်ကန်သည့် စာရင်းများ ရရှိအောင် ကောက်ယူနိုင်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက စနစ်တကျ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြည် က ပြည်နယ် အတွင်းလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး အတွက် စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်  ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ၊ ပြည်နယ် သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များ နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။