အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ဘောလခဲခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ ၊ ပြည်သူများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်းသည် ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် အဖွဲ့ဝင်များသည် ဘောလခဲမြို့နယ် ဧည့်ရိပ်သာသို့ ရောက်ရှိပြီး ဘောလခဲခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး  အဖွင့်အမှာစကားပြောကြားရာတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေး ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့် ဒေသခံပြည်သူလူထု နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘောလခဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း နယ်မြေဒေသ အခြေအနေများ၊ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက် နေမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ ခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားနိုင်ရေး၊ ဒေသအကျိုးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က  ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြသည်။
ထို့မှတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံအတွင်းရှိ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဆေးကုသဆောင်များတွင် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ ၊ စစ်သည်နှင့် မိသားစုဝင်များ ၊ ပြည်သူများအား လှည့်လည်ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘောလခဲမြို့ ၊ မင်းကျောင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဘောလခဲမြို့နယ်အတွင်းရှိ ဆရာတော် ၊ သံဃာတော်အရှင်သူမြတ်များကို ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော် ၊ ဆီနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ရောက်ရှိကာ  ရဲတပ်ဖွဲ့ဝင်များ ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဘောလခဲမြို့နယ် အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မြို့ရွာလုံခြုံရေး တာဝန်များကို ထမ်းဆောင်ရသည့် အရေးပါသော အဖွဲ့အစည်းဖြစ်ပါကြောင်း ၊ ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်း အတွက်လည်း ဥပဒေများနှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်သိသိဖြင့် တာဝန်ထမ်းဆောင်ခဲ့မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘောလခဲမြို့နယ်၊ ဆင်ဖြူရှင်ခန်းမသို့ရောက်ရှိပြီး  ဌာနဆိုင်ရာ ဝန်ထမ်း များ ၊ မြို့မိ ၊ မြို့ဖများ ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အပေါ် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ်  ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ ၊  ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ် သို့ရောက်ရှိကာ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  မြို့နယ်အတွင်း နယ်မြေဒေသ အခြေအနေများ၊ နယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားသို့ တက်ရောက် လာကြသူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဖား‌ဆောင်းမြို့နယ် ၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး  ဆေးရုံအတွင်း ဆေးကုသမှုခံယူ လျက်ရှိသည့် လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး ဖားဆောင်းမြို့နယ် ၊ မွေတော်ပရိယတ္တိစာသင်တိုက်သို့ရောက်ရှိကာ  မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍  ဆွမ်းဆန်တော် ၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ဖားဆောင်းမြို့နယ် ၊ မြို့မရဲစခန်းသို့သွားရောက်၍ တာဝန်ထမ်းဆောင် နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။