အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ၊ လွိုင်ကော်မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်သည့် ဘာသာရေးအသင်းအဖွဲ့ များ၏ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြ သည်။

          ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်နှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေးရရှိရေးအပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ၊ လူငယ်မျိုးဆက်သစ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး ၊ သာသနာရေးဆိုင်ရာ လိုအပ်ချက်များအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နှင့် ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် အခက်အခဲများ ၊ လိုအပ်ချက်များ နှင့် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ကောင်းမွန်သည့်အကြံပြုချက်များဖြင့် ရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

         

ယင်းနောက် ဘာသာရေး အသင်းအဖွဲ့(၁၁)ဖွဲ့ မှ ခေါင်းဆောင်များက ဘာသာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဘာသာရေး အသင်းအဖွဲ့များ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များ၏ တင်ပြချက် များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး ဘာသာရေးခေါင်းဆောင်များ နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများ ၊ မြေယာရှုခင်း အလှပြုပြင် ဆောင်ရွက်နေမှုများ ၊ ပြည်သူများ အပန်းဖြေစရာ အဓိကနေရာတစ်ခုဖြစ်သော နောင်ယားကန်သာ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်  ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိမင်္ဂလာဗဟိုဈေးကြီးသို့ သွားရောက်၍ ဆန် ၊ အသား၊ ငါး ၊ ပဲအမျိုးမျိုး ၊ အခြေခံ စားသောက်ကုန်များ ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့သည်။

ထို့နောက် သီရိမင်္ဂလာဗဟိုဈေးကြီး ၊ ဈေးရုံးခန်းမ၌ စျေးကော်မတီဝင်များ၊ စျေးအကျိုးတော် ဆောင်များ ၊ စျေးသူ ၊ ဈေးသားများနှင့် တွေ့ဆုံပြီး ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင် အရာရှိက ဈေးအတွင်းမီးဘေးအန္တရာယ်လုံခြုံရေးနှင့် အသစ်ထပ်မံတိုးချဲ့နေသည့် ဈေးဆိုင်ခန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ ဈေးအကျိုး တော်ဆောင်များနှင့် ဈေးသူ ၊ ဈေးသားများက ဈေးအတွင်းရောင်းချနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးမှု အခြေအနေများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဈေးအတွင်းဆောင်ရွက်နေသည့် ဈေးရုံ(၂)ရုံအသစ်တည်ဆောက်ခြင်း ၊ အသား/ငါး ၊ ယင်လုံဈေးရုံ တည်ဆောက်ခြင်းနှင့် ဈေးရုံ(၁၂)ရုံ အမိုးပြုပြင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)သို့သွားရောက် ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့များက လက်ခံရယူခဲ့ပြီး သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)ပုံတော်အား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

 ထို့နောက် သီရိရတနာဓမ္မာရုံ အဘယမုဒြာဂန္ဓကုဋီတိုက် တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။