အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ ၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)နှင့် မောဒူဒီးဘိုးဟိုးခန်းမများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း သည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်တော် ၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်) သို့ သွားရောက်၍ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် လွိုင်ကော်မြို့ ၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ပြည်နယ် ဩဝါဒစရိယ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ ပြီး ဆွမ်းဆန်တော် ၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကလျာဏ ထေရဝါသ နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်အသစ် ဆောက်လုပ်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ထို့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် စိုက်ပျိုးရေး ၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်) သို့သွားရောက်၍ ကျောင်းသား ၊ ကျောင်းသူများ စာသင်ကြားနေမှု များကို ကြည့်ရှုပြီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကာ  ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ၊ ဆရာမများ  တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး ၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်) ကျောင်းအုပ်ကြီးက ကျောင်းသမိုင်းကြောင်းကိုလည်းကောင်း ၊ ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီမှူး နှင့် ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးတို့က မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး ၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)အား ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ကျောင်းပရိဝုဏ်အတွင်း နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှု အခြေအနေ များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး  နှစ်ထပ်စာသင်ဆောင် ၊ စိုက်ပျိုးရေးစိုက်ခင်းများ နှင့် မွေးမြူရေးခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးဟိုး ခန်းမဆောင်၌ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ဝင်များ ၊ ထေးသမရပ်ကွက်တွင် နေထိုင်နေကြသော ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို  အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ လူငယ်လူရွယ်များအား အနာဂတ် နိုင်ငံတော် အတွက်အားထားရမည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ဖော်ဆောင်ပေးစေလိုကြောင်း ၊ လွတ်လပ်ပီးတရားမတ‌သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍  ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကေ့ထျိုးဘိုး ဂေါပကအဖွဲ့အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ၊ ပြည်နယ်ဝန်ကြီးချုပ်က ထေးသမရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။