အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း ပြည်သူ့ဆေးရုံကြီးများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာများသန့်ရှင်းသာယာ လှပရေးနှင့် ပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင် ကောင်းများ ရရှိစေရန် အပတ်စဉ်  စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ၊ ဝန်ဆောင်မှုများကို အဓိကဆောင်ရွက်ပေးနေသော  လွိုင်ကော်မြို့ရှိ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရိဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ ၊ လွိုင်ကော်တပ်နယ် ၊ မြန်မာနိုင်ငံ ရဲတပ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ လူနာဆောင်များနှင့် ဆေးရုံအတွင်း ဌာနခွဲအလိုက် အသုံးပြုလျက်ရှိသည့် စက်ကိရိယာ ပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုသည်များကို လမ်းညွှန်မှာကြားခဲ့ သည်။

          အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်းနှင့် ရှားတောမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ၏ ပရိဝုဏ်အတွင်းတွင်လည်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြကြောင်း ၊ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူ များနှင့် သက်ဆိုင်သည့်နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင်ဌာန ဆိုင်ရာဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။