အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်  အသေးစား ၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ MSMEs ထုတ်ကုန်ပြပွဲကို ခင်းကျင်းပြသရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းတွင် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များ၊  နည်းပညာ အထောက်အကူပြု ဝန်ဆောင်မှုများ ၊ အရင်းအနှီးပံ့ပိုးမှုများ ၊ ပြည်တွင်း/ပြည်ပဈေးကွက်များ ၊  ကောင်းမွန်သည့် စီးပွားရေး ဝန်းကျင်များကို ဖော်ဆောင်နိုင်ရန် ဖြစ်ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိပြီး ပြည်နယ်အတွင်း လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊  ပြည်နယ်အတွင်းရှိ ဒေသထွက် ကုန်ပစ္စည်းများကို One Region One Product အဖြစ် ရွေးချယ်၍ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၊ MSMEs ထုတ်ကုန် ပြပွဲများမှတစ်ဆင့် ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းအချင်းချင်း အတွေ့အကြုံ ဖလှယ်နိုင်ပြီး ထုတ်ကုန်များအား ဆန်းသစ်တီထွင်နိုင်မည့် ထုပ်ပိုးမှုနည်းစနစ်များကို ရရှိလာနိုင် မည်ဖြစ်ကြောင်း ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အသက်သွေးကြော ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့်ဒေသတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးသွားကြရန်  တိုက်တွန်း လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသေးစား ၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် ပစ္စည်းများပြပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအနက် ပထမဆုရရှိသည့် သစ်အခြေခံ ထုတ်ကုန်ပစ္စည်းများပြခန်းအား  ဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဒုတိယ ၊ တတိယနှင့် အထူးဆုရရှိကြသည့် ပြခန်းများအား ဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြကာ  သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြခန်းတာဝန်ခံများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊  ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြခန်းတာဝန်ခံများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။