အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင်း သန့်ရှင်းရေ တိုးချဲ့ပေးဝေနိုင်ရေး ရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံ ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေး အတွက် အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter) အနှေး သဲရေစစ်ကန်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးက တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter)အနှေးသဲရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က အနှေးသဲရေစစ်ကန် တည်ဆောက်ခြင်းလုပ်ငန်း အတွက် ရန်ပုံငွေများကို လုံလောက်စွာခွဲဝေချထားပေးပြီးဖြစ်၍ သတ်မှတ်ရက်အတွင်း ပြီးစီးစေရေး နှင့် စံချိန်စံညွှန်းမှန်ကန်ပြီး အရည်အသွေးပြည့်မီစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်သွားရန် ၊ တည်ဆောက်ရေးလုပ်ငန်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီအနေဖြင့်လည်း သတ်မှတ် အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ ကာလရှည်ခိုင်မာစွာအသုံးပြုနိုင်အောင် ခေတ်မီနည်းစနစ် မျာ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ရေပေးဝေမှု ပြတ်တောက်ခြင်းမရှိစေရေး စနစ်တကျတည်ဆောက် ပေးရန် နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအား တိတိ ကျကျ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့၊ မိုင်းလုံးရေစက်ရုံရှိ အနှေးသဲရေစစ်ကန် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုကြရန် မှာကြားခဲ့သည်။

          ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သည် ရေးဆွဲ ပြဌာန်းထားသောဥပဒေများအရ “မြို့များအမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်” ဟူသော ဆောင်ပုဒ် နှင့်အညီ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လွိုင်ကော်မြို့နေ ပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်ရေ ၊ သုံးရေ လွယ်လင့်တကူ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပြည်နယ်၏ ရေအရင်းအမြစ် ဖြစ်သော ဘီလူးချောင်းမှ အစပြု၍ မိုင်းလုံး ၊ ဥတ္တရာရုံ  ၊ ဒေါဥခူ ၊ နာနတ်တော ၊ ဒေါတမ ၊ နမ့်ကွတ် ၊ ရေနီကန်နှင့် အစိုးရရေစက်ရုံအပါအဝင် စုစုပေါင်း ရေစက်ရုံ(၈)ရုံမှ တဆင့် လွိုင်ကော်မြို့ ရပ်ကွက်ပေါင်း(၂၆) ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူ(၁)သိန်းခန့်အား နေ့စဉ် နံနက်(၅း၃၀ မှ ၈း၃၀ )နာရီ ၊( ၈း၃၀ မှ ၁၂း၃၀)နာရီ ၊ ( ၁၂း၃၀ မှ ၁၅း၃၀) ၊ ( ၁၅း၃၀ မှ ၁၉း၃၀) နာရီအချိန်ထိ  ရပ်ကွက်များသို့ အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ရေကြည်ဂါလံပေါင်း (၃၇.၆)သိန်း ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မိုင်းလုံးရေစက်ရုံတွင် တိုးချဲ့ဆောင်ရွက်နေသော(Slow Sand Fitter) အနှေးသဲရေစစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးအောင် လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆောက်မှု လုပ်ငန်းပြီးစီးပါက မြို့ပေါ်ရပ်ကွက်(၁၃) ရပ်ကွက်ရှိ လူဦးရေ(၈)သောင်းခန့်အား နေ့စဉ်သန့်ရှင်း သောသောက်သုံးရေ ထပ်မံဖြည့်ဆည်း ပေးဝေနိုင်မည် ဖြစ်ကြောင်းသိရသည်။