အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးလွိုင်ကော်မြို့၌ ကျင်းပ

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦိးဇော်မျိုးတင် ၊  ပြည်နယ်အစိုးရအဖွဲ့ဝင် များ ၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင်  ပြည်နယ်အတွင်း လယ်ယာမြေနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကာလအလိုက်လယ်ယာမြေသုံးစွဲမှု မြေပြင်ပကတိအခြေအနေများကို ကွင်းဆင်းကောက်ယူပြီး စာရင်းဇယားမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လယ်ယာမြေတွင် အဓိကသီးနှံဖြစ်သော စပါးကို ဦးစားပေး စိုက်ပျိုးရမည်ဖြစ်ပြီး မြေအမျိုးအစားအလိုက် သတ်မှတ်သီးနှံများစိုက်ပျိုးရန် ၊ စိုက်ပျိုးနိုင် သောလယ်ယာမြေများ လျော့ပါးမှုမရှိစေရန် ၊လယ်ယာမြေများကို ခွင့်ပြုချက် မရှိဘဲ အခြားနည်းဖြင့် သုံးစွဲမှုများ ထပ်မံပေါ်ပေါက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ‌ကော်မတီဝင်များက ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများ ၊ လုပ်ထုံးလုပ်နည်း စံနှုန်းများကို တည်ဆဲလယ်ယာမြေဥပဒေအရ သက်ဆိုင်သည့် ပြဌာန်းချက်များအပေါ် အခြေခံပြီး စနစ်တကျ ဆန်းစစ်ပြုစုတင်ပြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ကပြည်နယ်အတွင်း လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းသုံးစွဲမှု အခြေအနေများ ၊ ပြည်နယ်မြေအသုံးချမှု ကော်မတီ၏ လယ်ယာမြေဆိုင်ရာ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ကဏ္ဍအသီးသီးတွင် မြို့နယ်များ

အလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ ဆန်းစစ်တင်ပြ သွားမည့်အကြံပြု သုံးသပ်ချက် များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များကတင်ပြမှု များအပေါ်ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။