အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများ ၊ ကျောက်စီရေနုတ်မြောင်းများနှင့် အမြင့်တင်ရေစင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၏မြို့တော်ဖြစ်သော လွိုင်ကော်မြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီဘက်ပေါင်းစုံ ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ပြည်နယ် လမ်းဦးစီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဆောင်ရွက်နေသည့် လွိုင်ကော်မြို့တွင်း လမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြည့်စုံမှန်ကန် ကိုက်ညီမှုရှိစေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့အတွက် အဆင့်မြှင့်ကတ္တရာ ကွန်ကရစ်လမ်းခင်းကျင်းနေမှုများ ၊ လွိုင်ကော်မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး ၊ မြို့တွင်းရေစီး ရေလာကောင်းမွန် စေရေးတို့အတွက် ကျောက်စီရေမြောင်းအဖုံးပါ ရေနုတ်မြောင်းနှင့် အမြင့်တင်ရေစင် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့ရွာများသန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် လွိုင်ကော်မြို့ ၊ မင်းစုရပ်ကွက် ၊ သုခလမ်းရှိ ကျောက်စီရေမြောင်းအဖုံးပါ ရေနုတ်မြောင်းများ အဆင့်မြှင့်ဆောင်ရွက်နေမှုများ ၊ ပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံလောက်ငှစွာရရှိ သုံးစွဲနိုင်ရေးအတွက် ဒေါတမရပ်ကွက်ရှိ ဂါလံ(၁၂၀၀၀)ဆံ့ အမြင့်တင်ရေစင် ဆောက်လုပ် နေမှုများနှင့် ဒေါတမရေ လှောင်ကန်ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရွက်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ၊ ကာလရှည်အသုံးပြုနိုင်ရေးအတွက် မျှော်မှန်းပြီး စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်တွင်း ကျေးရွာ ပေါင်း(၂၇)ရွာအား အကျိုးပြုမည့်ပြည်နယ်လမ်းဦးစီးမှ ဆောင်ရွက်နေသော လွိုင်ကော် - လောပိတလမ်းမကြီး၌ ၁၂မိုင်၂ဖာလုံရှိ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ဆောင်ရွက် နေမှုနှင့် ဆက်စပ်လုပ်ငန်းဖြစ်သော  လမ်းပုခုံးခင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများပိုမို အဆင်ပြေချောမွေ့စွာ ယာဉ်အသုံးပြု သွားလာနိုင်ရေးအတွက် လိုအပ်သည် များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။