အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)အခမ်းအနား ကျင်းပ

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊  ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဏိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးပြီး ပို့ကုန်ကဏ္ဍ မြင့်တင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ် အတွင်းစားသုံးမှုဖူလုံစေရေး၊ ထုတ်လုပ်မှုနှင့်  စားသုံးမှုမျှတစေရေး၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း သစ်များ တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယင်းလုပ်ငန်းများ အပေါ်အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ၊ MSME လုပ်ငန်းများကို အားပေးမြှင့်တင် ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း တွင်လက်ရှိဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဓိကအားထားပြီး ဒေသထွက်ကုန်များကို အခြေခံသည့် လုပ်ငန်းသစ်များ တိုးတက်လာစေရန် ကူညီအားပေးရမည်ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထပ်မံ တိုးပွားလာစေရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း ၊  စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာ စေရန်အတွက် သက်ဆိုင်ရာဌာနများက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဥပဒေ ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃ခုနှစ် ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုအား တွေ့ဆုံဝန်ဆောင်မှုပေးခဲ့မှု အခြေအနေ များနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်နှင့်စပ်လျဉ်း၍ အတည်ပြုမိန့်တွင် ပြင်ဆင်ခွင့် ပြုမှုအခြေအနေများကို ကော်မတီအတွင်းရေးမှူး ဦးစစ်အောင်က ဆွေးနွေး တင်ပြခဲ့သည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။