အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်                 ဩဂုတ်  ၁၂ 

          ၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ ၊ အားကစားမောင်မယ် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများက ပြေးခုန်ပစ် အားကစား နည်းများဖြစ်ကြသော မီတာ (၁၀၀) ၊ မီတာ(၂၀၀) ၊ မီတာ(၄၀၀) ၊ မီတာ(၁၅၀၀) အပြေး ၊ သံလုံးပစ် ၊ လှံတံပစ် ၊ အလျားခုန် ၊ အမြင့်ခုန်ပြိုင်ပွဲများနှင့် အေရိုးဗစ်ပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ပြည်နယ်ကရာတေးအားကစားရုံ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကမူတည်ပြီး တည်ဆောက်ထားသည့် လူသားအရင်း အမြစ်သည်အဓိကဖြစ်ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံ ထူးချွန်သည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်များ၏အခန်းကဏ္ဍမြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ထောက်ပံ့ပေး လျက်ရှိကြောင်း ၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ်များသည် စဉ်းစားဆင်ခြင်မှု အသိပညာများကို သာမက ကျန်းမာကြံ့ခိုင်စေရန်အတွက်လည်း ကြိုးစားအားထုတ်သွားရမည်ဖြစ်ရာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ပြီးဘက်စုံထူးချွန်သည့် လူငယ်များ ဖြစ်စေရန် မိမိကိုယ်ကိုစနစ်တကျ စီမံခန့်ခွဲရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစား ပြိုင်ပွဲများအလိုက် ဆုရရှိခဲ့ကြသည့် အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ် နှင့်ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြပြီးအခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသူလေး များက အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ် သရုပ်ပြသခဲ့ကြသည်။

          ၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အနေဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးကြပ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးအစား ၁၀မျိုး ၊ ပြိုင်ပွဲစုစုပေါင်း ၂၀ နှင့် အေရိုးဗစ်ပြိုင်ပွဲများကို အားကစားမောင်မယ် ကျောင်းသား ၊ ကျောင်းသူများ ကပျော်ရွင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။