အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများ ကြည့်ရှုအားပေး

ကယားပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများ ကြည့်ရှုအားပေး

လွိုင်ကော်      ဇူလိုင်  ၄

ကယားပြည်နယ် ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင် ရာအချက်အလက် (Biometric)များ ကောက်ယူခြင်း နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric)များ ကောက်ယူဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်းရှိ ပြည်သူများ၏လူမှု့စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန် ပြည်နယ်အတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် ၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် မည်သူ မည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် အခြေခံစနစ်ကို တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

e-IDစနစ်သည် e-Goverment Application များနှင့်တွဲဖက်အသုံးပြုနိုင်ရေးအတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ပြီး ပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ SIM Card မှတ်ပုံတင်ခြင်း ၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ ၊ နိုင်ငံကူးလက်မှတ် ၊ ပြည်ပ အလုပ်အကိုင် သက်သေခံကတ် ၊ ယာဉ်မောင်းလိုင်စင် စသည့်ဝန်ဆောင်မှု လုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း သိရသည်။