အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဝန်ကြီးချုပ် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အဆင့်မြင့် ပညာတက္ကသိုလ်များ ၊ အခြေခံပညာကျောင်းများ ၊ အများပြည်သူများနှင့် သက်ဆိုင်သော နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ပြည်သူများ အသုံးပြုသည့် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ဘီလူးချောင်းကမ်းတစ်လျောက်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် အမှိုက်သရိုက် ဆည်ယူနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။