အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို အခြေခံပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့ တွင်ဖွင့်လှစ်မည့် စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က (ချိကယ်)နှင့် အခြေခံပညာ ကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်တွင် လွိုင်ကော်မြို့၌ဖွင့်လှစ်မည့် စိုက်ပျိုး - မွေးမြူရေး အထက်တန်း ကျောင်း ၊ အ.ထ.က (ချိကယ်)နှင့် အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်း အတွင်းတွင် စုပေါင်းသန့်ရှင်း

ရေး ပြုလုပ်နေမှုများ ၊ ကျောင်းအဆောက်အဦသစ်များ ဆောက်လုပ်ပြီးစီးမှု ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးနှင့် သက်မွေးပညာကျောင်းများ တွင်မေလ ၂၃ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင် ဖွင့်လှစ်မည် ဖြစ်၍ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး ၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး ၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေးတို့အတွက် ဆရာ ၊ ဆရာမများက သက်ဆိုင်သည့် ဌာနများ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ၊ ဆရာ ၊ ဆရာမများက သင်ကြားရေးနှင့် သက်ဆိုင်သောပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရန်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။