အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်းရှိ ဘုရားစေတီတော်မြတ်ကြီးများ၌ ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပ

ကယားပြည်နယ်အတွင်းရှိ ဘုရားစေတီတော်ြမတ်ကြီးများ၌  ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ပွဲများကို  ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်ခဲ့ကြရာ လွိုင်ကော်မြို့ ၊ မြို့နာမ် စေတီတော်မြတ်ကြီး ၊ ဓမ္မာရုံတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ ၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ရဲမှူးကြီးမောင်မောင်ဦး ၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ၊ ဦးတင်လှနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဩဝါဒါစရိယ ၊ သီရိမင်္ဂလာပုံ (ဟော်ကြီး)ကျောင်း ဆရာတော် ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တစန္ဒိမာ ဆရာတော်ကြီး ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော် ချီးမြှင့်ကြ ပြီးမြို့နယ်အတွင်းရှိ ဝတ်ရွတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များကို ရွတ်ဖတ်ပူဇော်ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲမြို့ ၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့များရှိ စေတီတော်မြတ်များတွင်လည်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။