အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများတွင် ထုံးသင်္ကန်းများ ကပ်လှူခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်ကော်မြို့ ၊ မြို့နာမ် စေတီတော်မြတ်ကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ ဘုရားစေတီပုထိုးများ ရောင်တော်ဖွင့်ခြင်း ၊ ထုံးသင်္ကန်းကပ်လှူခြင်းနှင့် ဘုရားပန်းများကပ်လှူပူဇော်ခြင်း ၊ ဆီမီးခုံများ ၊ တန်ဆောင်းများနှင့် ဘုရားစေတီများအတွင်းသန့်ရှင်း သာယာလှပစေရန် ရေသပ္ပာယ်ခြင်း ၊ အမှိုက်များရှင်းလင်းခြင်းတို့ဖြင့် ဌာနဆိုင်ရာများမှ စုပေါင်းကုသိုလ်ပြု သန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘောလခဲမြို့ ၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့နယ်များတွင်လည်း ဘုရားစေတီပုထိုးများ၌ ထုံးသင်္ကန်းများ ကပ်လှူပူဇော်ခြင်း ၊ ဘုရားစေတီတော် ပရိဝုဏ်အတွင်း ၊ အပြင်နှင့် ဘုန်းတော်ကြီးကျောင်း များတွင် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။