အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ အနွေးစောင်များ လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း(လွိုင်ကော်)သို့ အလှူတော်ငွေများ ပေးအပ်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ အနွေးစောင်များ လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း(လွိုင်ကော်အသင်းခွဲ)သို့ အလှူတော်ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ် များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစက ပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ဘဒ္ဒန္တ ပညာစက္က ထံ မှငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန် တော် ၊ ဆီ ၊ အနွေးစောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအသင်း (လွိုင်ကော်အသင်းခွဲ)သို့ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ က အလှူတော်ငွေများပေးအပ်ခဲ့ရာ အသင်းဉက္ကဌ ဦးမောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

၎င်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ် များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။