အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့်နေရာများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများ နှင့် အများပြည်သူ အသုံးပြုသည့်နေရာများ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများ ၊ အများပြည်သူနှင့် သက်ဆိုင်သော အထိမ်းအမှတ်နေရာများသို့ လှည့်လည်သွားရောက်ကာ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာအပါအဝင် မြို့သန့်ရှင်းသာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်း နှင့် မယ်စဲ့မြို့နယ်များတွင်လည်း  ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းသိရသည်။