အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် တည်ဆောက်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင်  ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်ရာတွင် အဆောက်အဦ၊ လမ်း ၊ တံတားများ၏ အရည်အသွေး ကောင်းမွန်စေရေးနှင့် သတ်မှတ်စံနှုန်းများ ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သတ်မှတ်ကာလများတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် အရည်အသွေး စိစစ်အကဲဖြတ် အဖွဲ့နှင့် တာဝန်ရှိသူ အသီးသီးက စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများရှိပါက ပြည်နယ်အစိုးရအဖွဲ့ မှ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဝင်းက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများ ၊ တည်ဆောက်ရေးကုမ္ပဏီများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ လွိုင်ကော်မြို့၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ၄ခန်းတွဲ၃ထပ် ဝန်ထမ်းအိမ်ရာများ ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ မြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။