အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘီလူးချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနီး ဘီလူးချောင်း သဘာဝရေပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ ၊ ငါးမွေးတောင်သူများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ဦးဆောင်ပြီး တာဝန်ရှိသူများက ဘီလူးချောင်း သဘာဝရေပြင်၌ ငါးမြစ်ချင်း ၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ (၁၉၀၀၀၀)အား ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြပြီး သတ္တပလူနှင့် မှုံပြာကျေးရွာအခြေပြု ငါးမွေးတောင်သူ (၁၀) ဦးထံသို့ ၂လက်မအရွယ်ရှိ ငါးမြစ်ချင်း ၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ (၁၀၀၀၀၀)အား ပေးအပ်ခဲ့ကြသည်။

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းလုပ်ငန်းကို မျိုးကောင်းမျိုးသန့်ငါးမျိုးများ ရေရှည်တည်တံ့စေရန် ၊ ဒေသ ၊ ရာသီဥတု ၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီဖြစ်ထွန်းသည့် ငါးမျိုးများဖြန့်ဖြူးရန် ၊ သဘာဝမြစ်ချောင်းများနှင့် ဆည်တာတမံများတွင် သား ၊ ငါးပေါများစေပြီး ငါးထွက်နှုန်း တိုးတက်စေရန်နှင့် ဒေသတွင်းငါးစားသုံးမှုဖူလုံစေပြီး အာဟာရဓါတ်ပြည့်ဝစေရန် ရည်ရွယ်၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။