အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် နောင်ယားကန်သာယာဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာများအပါအဝင် မြို့များ သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများ နှင့် ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၌ အားကစားအမျိုးအစားများအလိုက် အားကစားရုံများ ၊ အားကစားကွင်းများ ၊ ရေကူးကန်များ စနစ်တကျပြင်ဆင် ဆောင်ရွက်ထားမှုများနှင့် ဌာနဆိုင်ရာ အသီးသီးတွင်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ နောင်ယားကန်ပတ်လမ်း တစ်လျှောက် ပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် အပန်းဖြေနိုင်စေရေးနှင့် ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ ဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး ၊ ပြည်သူများအေးချမ်းစွာဖြင့် အပန်းဖြေစေနိုင်ရေးအတွက် ဌာနဆိုင်ရာ ရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။