အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်သံဃနာယကအဖွဲ့ အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်သို့ ကြွရောက်တော်မူလာမည့် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်များ၏ သွားလာရေးခရီးစဉ် ၊ သီတင်းသုံးမည့်နေရာများ ၊ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရေးနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများစနစ်တကျ ဖြစ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ၊ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသော ဆပ်ကော်မတီအသီးသီးက လုပ်ငန်းတာဝန်များကို စနစ်တကျစီမံဆောင်ရွက်ရန် ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများကို ပြည်နယ်သာသနာရေးမှူး ဦးအောင်ကြည်က ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများက ကော်မတီများ အလိုက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို အသီးသီးဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးအကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။