အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့များ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

ကယားပြည်နယ်အတွင်းရှိမြို့များ သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့်ဖြစ်ပွား တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်ရည်ရွယ်၍ အပတ်စဉ်စနေနေ့တိုင်း  စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ၊ စည်ပင်သာယာရေး အဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ပြည်နယ်အတွင်း ရပ်ကွက် ၊ ကျေးရွာများအပါအဝင် မြို့များရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ ၊ အများပြည်သူ အသုံးပြုသည့် နေရာများ ၊ စာသင်ကျောင်းများတွင် ခြုံနွယ်ပေါင်းပင်များ ၊  အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊  ခြင်ပေါက်ပွားမှုများမှတစ်ဆင့် ရောဂါများ မဖြစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်း လုပ်ငန်းများစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။