အဓိကအကြောင်းအရာသို့ သွားမည်
x

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ဖွင့်လှစ်

အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူး ကွန်ပျူတာကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်ဖွံဖြိုး တိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ မြင့်မားရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ၊ ယနေ့ခေတ်သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာထွန်းကားသည့် ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်ရန်အတွက် နိုင်ငံသားတိုင်း သတင်းအချက်အလက်နည်း ပညာဆိုင်ရာ ပညာရပ်များအား အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်လျက်ရှိကြောင်း ၊  ကွန်ပျူတာအသုံးချ ပညာရပ်များကို လုပ်ငန်း နယ်ပယ်များတွင် ကျယ်ပြန့်စွာ အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာနယ်ပယ် အလိုက် လုပ်ငန်းများ အချိန်ကုန်သက်သာစေခြင်း ၊ စနစ်တကျလုပ်ငန်းပြီးစီး မှုရှိခြင်း ၊ လူအင်အား အသုံးချမှုကိုလျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ သင်းသင်းထွေး  ဒုတိယပါမောက္ခချုပ် မှ သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီး က ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား / သင်တန်းသူများအား ကွန်ပျူတာအသုံးချ ပညာရပ်များ သင်ကြားပေး နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ယနေ့ အခြေခံကွန်ပျူတာအသုံးချသင်တန်းတွင် ‌Microsoft Word  ၊ Microsoft Office Excel  ၊ Microsoft Office PowerPoint  ၊ Internet ၊ Email ၊ Gmai စသည့်ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ၊ သင်တန်းကာလမှာ ၁ လ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ် ကြောင်းသတင်းရရှိသည်။