အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်းရှိ မြို့နာမ်စေတီတော်ကြီး ၊ ပြည်သူ့ဆေးရုံကြီးနှင့်လေဆိပ်တို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများ နှင့် ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ကြီး၏ ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်နေမှုများ ၊ ပြည်သူ့ဆေးရုံကြီး ပရိဝုဏ်အတွင်း ၊ ဆေးရုံအဆောက်အဉီနှင့် လူနာဆောင်များတွင် စုပေါင်းသန့်ရှင်းစေရေး ဆောင်ရွက်နေမှုများ ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများကိုထားရှိသည့် သီးသန့်ဆောင် များကို ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထားရှိဆောင်ရွက် နေမှုများ ၊  လွိုင်ကော်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းများ တစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို  လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
 ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာ ရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။