အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှုရှိစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်ပိုင်းက သီရီမင်္ဂလာဈေး (တောင်ဈေး)တွင်  Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း(Mask)များ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းကော်မတီဥက္ကဌ ဦးမျိုးကျော်မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာရမည့် အချက်များ၊ လက်ကို HandGel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်​ကြဥ်ရန် စသည့်အချက်များကို အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask) တစ်ထုပ်လျှင် ၂၀ခုပါ အထုပ်ရေပေါင်း ၁၈၀၀ ထုပ်ကို ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်းသိရသည်။