အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်းခြင်းပြုလုပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ နောင်ယား(က)ရပ်ကွက် ရှိ ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်းများနှင့် မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့က ခေတ္တနေရပ်စွန့်ခွာပြီး ပြည်နယ်အတွွင်း ပြန်လည်ဝင်ရောက်လာသော ပြည်သူများအား အခြေခံ စားကုန်များ ဖြစ်သည့် ဆန် ၊ ဆီ ၊ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းခဲ့သည်။
နယ်မြေအခြေအနေ တည်ငြိမ်လာမှုကြောင့် ပြန်လည်ဝင်ရောက်လာသော  ပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်းတွင် လက်ခံရာ၌ စနစ်တကျ စိစစ်မှတ်တမ်းရေးသွင်းလက်ခံခြင်း ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခြင်း ၊ ရောဂါပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း ၊ လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးတွင် ပြန်လည်နေထိုင်မည့် မိသားစုများအား အခြေခံစားကုန်များထောက်ပံ့ပေးခြင်းတို့ကို ကယားပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု ၊ ဦးဆောင်မှုနှင့် လှူဒါန်းပေးမှုတို့ဖြင့် သက်ဆိုင်ရာဌာနအသီးသီးက လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရှိရသည်။