အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲပြုလုပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့နံနက်ပိုင်းကလွိုင်ကော်မြို့ ၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းမှူး ၊ ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဗိုလ်မှူးကြီးမြတ်မင်းမိုး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ လူမှုရေးပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ ၊ စုစုပေါင်းအင်အား (၂၅၀)ဦးဖြင့် အဆိုပါသင်တန်းကျောင်း၌ သန့်ရှင်းရေးများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်မည့် အချိန်တွင် အဆင်သင့် ဖြစ်နိုင်စေရေးအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ သင်တန်းခန်းမများ ၊ သင်တန်းအိပ်ဆောင်များကို ကြိုတင်ပြင်ဆင်ထားရှိရန် ၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ဖြစ်သောကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ ကုသနိုင်ရေးအတွက် Quarartine Center ထားရှိနိုင်ရေးနှင့် ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက် ထားရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။