အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး နှင့်တာဝန်ရှိသူများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတို့က Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင် ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက မသန်စွမ်းသူများ၏ အခွင့်အရေး ဉပဒေအရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး ကယားပြည်နယ်တွင် လည်းပြည်နယ်ကော်မတီကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းထားပြီဖြစ်ကြောင်း ၊ မသန်စွမ်းမှုအလိုက် လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်း ၊ သုတေသနပြုလုပ်ခြင်း ၊ ပညာရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အများသုံးပုံစံ (Universal Design) အသုံးပြုမှု လက်လှမ်းမီရယူသုံးစွဲနိုင်ရေး (Accessibility) စတဲ့ ကဏ္ဍအလိုက် လိုအပ်သည့် အမျိုးသားအဆင့် မူဝါဒများရေးဆွဲခြင်း ၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော် ခြင်းတို့ကို မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ကယားပြည်နယ် မသန်စွမ်းသူများ ဆိုင်ရာကော်မတီအနေဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုလိုဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် ပြည်နယ်အတွင်းရှိ အစိုးရဌာန ၊ အဖွဲ့အစည်းများ ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်း၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို  အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြုကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလုပ်ရှားမှုပြိုင်ပွဲအဖြစ် ကျင်းပခဲ့သည့် ပန်းချီပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီးက ဆုများကိုချီးမြှင့်ခဲ့ပြီး ဆုများရရှိသည့် မသန်စွမ်းသူများ၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။