အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ ဆွမ်းဟင်းလျာအတွက် အလှူတော် ငွေများပေးအပ်လှူဒါန်း

ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်း ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ ၊ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ယနေ့အချိန်ကာလတွင် ဘုန်တော်ကြီးကျောင်း ၊ သီလရှင်ကျောင်းများတွင် ဆွမ်းဟင်းလျာများ  အခက်အခဲရှိနိုင်သဖြင့် မိမိတို့အနေဖြင့် ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်း ၊ ဆက်လက်ပြီးလည် လစဉ် လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ ကိုဗစ် -၁၉ ကာလဖြစ်သည့်အတွက် ရဟန်းများအနေဖြင့် ဆွမ်းခံကြွဖို့ အခက်အခဲ့ဖြစ်နေချိန်ဖြစ်သည့်အတွက် ထိုအခက်အခဲများကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည် ။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်း နှင့် သီလရှင်း (၂၄ ) အတွက် အလှူတော်ငွေ (၁၄၉၀၄၀၀၀) ကို ပေးအပ်ရာ ဆရာတော်များနှင့် သီလရှင်များ ကိုယ်စား ပြည်နယ်သာသနာရေးမှူးရုံးမှ ဒု-ညွှန်မှူး ဦးသန်းထွေးနှင့် ဦးစီးအရာရှိ ဒေါ်အိဖြူဖြူခိုင် တို့က လက်ခံရယူခဲ့သည်။
 
ထို့နောက် ပြည်နယ်သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော် မှ ဆရာတော်များ နှင့် သီလရှင်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ ပြည်နယ်ဉပဒေချုပ် ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်လွှတ်တော်ရုံးညွန်ကြားရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ခရိုင် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။